သင်သေသွားသော် (ဆရာဇော်ဂျီ)...
သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။
(ဇော်ဂျီ)
ကဗျာ
တစ်နေကွယ်
သေနယ်သို့တစ်ခါသွား။
မေ့လျှော့ကာ
မသေဘူး မထင်နဲ့။
နေ ကွယ်တာ
အကြိမ်များလျှင်ဖြင့်
သေနယ်ရွာ
တစ်ခါသွားရမယ်
တား မရဘူး။
</> ]]>