မေတ္တာပို့

တောင်ကုတ်မြို့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန၀ံသပါလအဖွဲ့) သည် မေ ၅ ရက် ၂၀၁၄ ၌ မြို့နယ်လုံးဆိုင်ရာ အစည်းဝေးကျင်းပ

 တောင်ကုတ်မြို့  အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့    (သာသန၀ံသပါလအဖွဲ့)  သည်
 မေ ၅ ရက် ၂၀၁၄ ၊မြန်မာသက္ကရာဇ် ၁၃၇၆ ခု ကဆုန်လဆန်း (၆)ရက် တနင်္ဂနွေနေ့ ၌ မြို့နယ်လုံး ဆိုင်ရာ နှစ်ပတ်လည်အစည်းဝေးကျင်းပခဲ့ သည်။ထိုအစည်းဝေးသို့  တောင်ကုတ် တစ်မြို့နယ်လုံး
  ရှိကျောင်းတိုက်များမှ  ဆရာတော်ကြီးများ  ၊  ဆရာတော် များ၊    သံဃာတော် (၆၁) ပါးနှင့် အမျိုးဘာသာသာသနာချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။

                   ထိုအစည်းဝေးမှအောက်ပါဆုံးဖြတ်ချက်များကိုချမှတ်နိုင်ခဲ့သည်။

(၁)မူလဖွဲ့စည်းထားသောအဖွဲ့ကိုထပ်မံအတည်ပြု ပြီးတက်ရောက် လာသောဆရာတော်များသံဃာတော်များနှင့်တိုးချဲ့ဖွဲ့စည်းရန်

(၂)မြန်မာသက္ကရာဇ် ၁၃၇၆ ခု ကဆုန်လဆုတ် (၁) ရက် ၌ တောင်ကုတ်မြို့  အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့    (သာသန၀ံသပါလအဖွဲ့) ၏အစည်းအဝေးကိုထပ်မံကျင်းပရန်