၁။ ဤစည်းမျဉ်းနှင့် ဤအဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဓမ္မ၊ ၀ိနယနှင့် အညီသာလျှင် ဖြစ်စေရမည်။
၂။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးတို့နှင့်လက်တွဲဆောင်ရွက်သွားရန် ဖြစ်စေရမည်။
၃။ အမျိုး၊ ဘာသာ ၊ သာသနာရေးကိစ္စများ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ကြီး တို့အား စွမ်းနိုင်သလောက်ပံပိုးကူညီနိုင်ရန် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်စေရမည်။
၎။ ဂိုဏ်းပေါင်းစုံ အဖွဲ့အစည်းကြီး သတ်မှတ်ထားသော (သံဃာ့ဂိုဏ်းများမှ သီးခြား သံဃာ့ ဂိုဏ်းမဟုတ်စေဘဲ) အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် သက်သက် သာဖြစ်သည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများပါဝင်သော အဖွဲ့အစည်းသာ ဖြစ်စေရမည်။
၅။ ဤအဖွဲ့အစည်းကြီးသည် ဖော်ပြပါ ရည်ရွယ်ချက်များနှင့် အညီ ဖြစ်စေရပါမည်။
(က) အမျိုး၊ ဘာသာ ၊ သာသနာ မပျက်သုဉ်းရေး၊ ကာကွယ် စောင့်ရှောက်ထိန်းသိမ်းရေး၊ တည်တံ့ပြန့်ပွားရေး။
(ခ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး ဘာသာရေးများ၌ အကြမ်းဖက်မှု ပဋိပက္ခများမဖြစ်ပေါ်စေရန် အသိပညာပေး တားဆီးကာကွယ်နိုင်ရေး ၊ နိုင်ငံသူ/ သားအားလုံး စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ နေထိုင်ရေး။
(ဂ) သာသနာရေး လူမှုရေးဆောင်ရွက်ကြသော ပရဟိတ အသင်းအဖွဲ့များ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပံ့ပိုးကူညီနိုင်ရေး။
(ဃ) ဤအဖွဲ့အစည်းကြီးသည် ဖော်ပြပါ အခြေခံမူများ ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန်ဆောင်ရွက် ကြရမည်။