မေတ္တာပို့

English-Myanmar Lokaniti Note 5


  လောက၌ ပညာရှိသည် သူမမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။
သူတည်းမေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း၊
အခါခပ်သိမ်း များစွာလည်း ပြောတတ်ဟောတတ်သည်သာလျှင်တည်း။

 The sage remains silent  like a drum if no one puts questions.
 If someone asks,he acts like the thunder. 
The foolish person always talk whether he is asked or not.

( ရှင်းချက်။  ။ ) ပညာရှိသည်လိုအပ်သည့်အခါမှသာစကားဆို၏...။
စည်ကဲ့သို့ မတီးမမြည်ပေ။ လူမိုက်ကား စကားများစွာပြောသည်...။

Explanation: The sage speaks out only when required;
 like the drum which gives off sound when it is beaten. 
The fool is talkative.