မေတ္တာပို့

English-Myanmar Lokaniti Note 7


  လောက၌ နည်းသောသုတရှိသူသည် နည်းသောသုတကိုအများအောက်မေ့တတ်၏။
မာန်မာနရှိတတ်၏။ အဘယ်သို့ နည်းဟူမူကား
သမုဒ္ဒရာ ရေပြင်ကိုမမြင်ဖူးသော
ဖားသူငယ်သည် တွင်းဝ ရေကိုအများထင်သကဲ့သို့ တည်း။

 In this world, the person who has little knowledge thinks much of it
and has pride for it.   
How is it so?   It is like the frog who has never seen the ocean thinks 
much of the water in the hole it lives in.

( ရှင်းချက်။ ။ )  သုတနည်းသဖြင့်အမြင်ကျဉ်းသူသည်
သမုဒ္ဒရာကို မမြင်ဖူးသည့်ဖားသူငယ်ကသူ့ တွင်းထဲမှာ ရှိသည့်ရေကို 
များလှပြီထင်သကဲ့သို့  သူ့ အတတ်ပညာကလေးကို ကြီးလှပေပြီထင်သည်။

 Explanation:  The person with little knowledge is narrow-minded 
and thinks much of his knowledge,
just as the little frog which has never seen ocean thinks that 
the water in his hole is very much.


*~~~~~~~~~~~~~~~~~~*