မေတ္တာပို့

  • www.pamtaungup.com

    အမျိုး ဘာသာ၊ သာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (တောင်ကုတ်မြို့)

Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

“ကိုယ့် ကိုယ်ကို စောင့်ရှောက် ခြင်း (သို့) ကိုယ် စောင့်တရား”

★ အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

★ တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့ မပိုင်ဆိုင်တဲ့ ဥစ္စာတရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့်ဘော်ဒီဂတ် (Body guard) တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့ သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊ ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။
★ ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို စောင့်ရှောက်ဖို့ထက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။ ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့
၁။ ဗုဒ္ဓါနုဿတိ
(ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ
(မေတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ
(အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ
(သေခြင်းတရားကို ဆင်ခြင်ခြင်း)
ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။
★ ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ် မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။
★ ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့ ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့ အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် “ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရ”လို့ ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော်တွေရဲ့ ကျေးဇူးကြောင့် အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင် ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။ အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စောင့်ရှောင်တာပါပဲ။ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံကြီးမားတဲ့သူ ဖြစ်တဲ့အတွက် ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့ သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။
★ နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား ဖြစ်ပါတယ်။ မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊ အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။
★ နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး အလွဲတွေ အသွင်သွင် လုပ်မိနေတတ်တဲ့အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ် ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။ အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
★ ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။ ပုထုဇဉ်အတော်များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့ သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ နေ့စဉ် သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက် သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့် သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။
★ ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့ ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ ဗုဒ္ဓဂုဏ်ကို ခုံလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်းရောက်စေ၊ မေတ္တာအစွမ်းနဲ့ အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်းလျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။
★ ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ စောင့်ရှောက်နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့ ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာတွဲစေ၊ သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင် ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

ပဋ္ဌာန်း ရွတ်ဆို ခြင်းကြောင့် ရနိုင် သောအ ကျိုးတ ရားများ

ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ

(၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား1619159_252279411608519_245467737_n ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။
(၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
(၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
(၄)။ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများရနိုင်ပါတယ်။အဘိဓမ္မာ ပြန့်ပွားရေးအသင်းများ၊အဘိဓမ္မာစာမေးပွဲများ၊အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲဖြစ်ပါတယ်။
ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ်စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကိုကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။နာယူကြပါ။သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
အသံမစဲပဌာန်းတရားပွဲကို နာယူလိုပါကအောက်ပါလင့်တွင်ဖုန်းဖြင့်လည်းကောင်း၊ computer ဖြင့်လည်းကောင်းနာယူနိုင်ပါသည်။
http://www.dhammavideo.com/media/458/1/
မေတ္တာဖြင့်ဝေမျှသူ
ွှအနှိုင်းမဲ့စာတိုပေစများ
| February 13, 2014 |

မိဘ တွေကို မပြော သင့်သော စကား ၁၀ ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ 1939960_252279814941812_1046114609_nကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ… နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
credit to – Original Uploader
မေတ္တာဖြင့် ထပ်ဆင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
| February 13, 2014 |


အနှိုင်းမဲ့ မေတ္တာရှင်သို့တမ်းချင်း


အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်၊
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်၊
မရေမရာ ပဟေဠိတွေကြောင့်၊
ဇဝေဇဝါ အဖေမသိတောင်မှ
အမေဆိုတာ အသေအချာရှိခဲ့ကြတယ်။
(အောင်လှိုင်ထွန်း)
အမေ့မေတ္တာနှင့် ဤလောက
အမေ…. ၊ လူတိုင်းမှာ အမေနှင့် မကင်းကြ။ သားသမီးတိုင်းမှာ အမေရှိကြ၏။ အမေအကြောင်း ဆိုလျှင် လူတိုင်း စိတ်ဝင်စားကြ၏။ အမေသမိုင်းဆိုလျှင် လူတိုင်းခေါင်းထောင်ကြည့်ကြ၏။ အမေဇာတ်လမ်းဆိုလျှင် လူတိုင်း အလုအယက်ကြည့်ကြ၏။ ပြီးလျှင် အမေမေတ္တာကို တသသခံစားပြီး သနားကရူဏာပိုစွာ မျက်ရည်လည်ရွဲ ငိုပွဲဆင်ရမြဲပင်တည်း။ အဘယ့်ကြောင့် ဤသို့ ခံစားချက်ခြင်း တူညီနေကြရသနည်း ဟူမူ…အမေသည် တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု၏ သင်္ကေတ မဟုတ်။ အများဆိုင် အများပိုင်သင်္ကေတ တစ်ခုသာဖြစ်၏။
ထို့အတူ အမေသည် သားသမီးဟူသော ပန်းကလေးများကို ဖူးပွင့်စေသောကြောင့် ဥယျာဉ်မှူးလည်း မည်၏။ အမေသည် သားသမီးများကို အတွေးအမြင် လှပအောင်၊ အကောင်း အဆိုး အမှားအမှန် ခွဲခြားဝေဖန်တတ်အောင်၊ အသိအလိမ္မာရှိ၍ ရည်ရွယ်ချက်နှင့် စေတနာ ကောင်းမြတ် မှန်ကန်အောင် အမြဲ တည့်မတ်ပေးခဲ့၏။ ထို့ကြောင့် အမေသည် အနာဂတ်ကို ကြီးကျယ် ခမ်းနားအောင် ပန္နက်ချပေးနေသည့် ဗိသုကာလည်း မည်၏။ သားသမီးများကို သွန်သင် ဆုံးမရာ၌ ချော့သင့်လျှင် ချော့၏။ ခြောက်သင့်လျှင် ခြောက်၏။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုသလို ပုံသွင်းခဲ့၏။ ထို့ကြောင့် အမေသည် အလွန်နူးညံ့သော အနုပညာရှင်လည်း မည်ပါ၏။
အမေ့မေတ္တာသည် သားသမီးတိုင်းအပေါ် လွှမ်းခြုံရစ်ပတ်ကာ အန္တရာယ်အပေါင်းမှ ကာကွယ်ပေး၍ အေးချမ်း ကြည်လင် ချမ်းမြေ့မှုကို ဖြစ်စေသည်သာတည်း။ ကျွန်တော့်အမေ၊ ခင်ဗျား အမေ၊ သူ့ အမေ၊ တစ်ခြားသူတို့၏ အမေ၊ လူသားအားလုံး၏ အမေ၊ ထိုထိုသို့သော အမေအားလုံး၏ မေတ္တာတရားတို့ဖြင့် လွှမ်းခြုံထားသော ဤကမ္ဘာလောကကြီးသည် ဘေးရန်အပေါင်းမှ ကင်းဝေးကာ ငြိမ်းချမ်းနေဦးမည်မှာ သံသယဖြစ်ဖွယ် မရှိပါပေ။ မိသားစုတွင်းဝယ် အခန့်မသင့်၍ ခိုက်ရန်ဖြစ်ကြလျှင်သော်မှ အမေ့မေတ္တာရေနှင့် ဖြန်းပက်လိုက်လျှင် ချက်ချင်း ငြိမ်းပျောက် သွားသကဲ့သို့ လူသားတို့၏ လောဘ၊ ဒေါသ၊ အာဃာတများကြောင့် ခိုက်ရန်ဖြစ်မှုများ၊ စစ်ဖြစ်မှုများ ရှိနေစေဦးတော့ အမေတိုင်း၏ မေတ္တာရေဖြင့် ဖြန်းပက်နိုင်မည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် အေးချမ်းငြိမ်သက်ကာ ဆက်လက်တည်တံ့နေဦးမည်မှာ မြေကြီးလက်ခတ် မလွှဲပင်တည်း။ အမေကမွေးသော သားသမီးများက ဤကမ္ဘာလောကကြီးကို တည်ဆောက်နေကြ၊ အုပ်ချုပ်နေကြ၊ ဆက်လက်တည်တံ့အောင် ဆောင်ရွက်နေကြသောကြောင့် ဤကမ္ဘာလောကကြီးကို အမေများ၏ မေတ္တာတရားတို့ဖြင့် တည်ဆောက်ထားသည်ဟုဆိုလျှင်လည်း လွန်အံ့ မထင်ပါပေ။
နှိုင်းဆ မကုန် မိဘဂုဏ်
(၁)“ပထ၀ီ ဝေဠုက ပတ္တံ”
ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးသည် မိဘ မေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက ၀ါးရွက်ငယ်တမျှသာ ရှိပေ၏။
(၂)“သိနေရု ဦန၀မ္မိကံ”
ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်သည် မိဘ မေတ္တာနှင့် နှိုင်းစာပါက နွားချို ပမာဏသာ ရှိလေသည်။
(၃)“သမုဒ္ဒေါ ပါတိကံ ယထာ”
အလွန်တရာ ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘ မေတ္တာ နှင့် နှိုင်းစာပါက မိုးရေစက် တစ်စက်မျှလောက်သာ ဖြစ်ပေ၏။
(၄)“စက္က၀ါဠ သူစိဃရံ”
အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာသည် မိဘ မေတ္တာနှင့် နှိုင်းစာပါက အပ်နဖားပေါက်လောက် ပမာဏသာ ရှိပေ၏။
(မာတုပေါသကသုတ်၊ သဂါထာ-သံ၊ ပါ၊ ၁၈၃၊ ဋ္ဌ၊ ၂၄၄။)
*အနန္တဂိုဏ်းဝင်၊ မိဘပင်၊ ဂုဏ်အင်ကြီးမားသည်။
*မိဘဂုဏ်ကို၊ ယှဉ်ပြိုင်လို၊ မြင်းမိုရ်တောင်က ငယ်လိမ့်မည်။
*မိဘဂုဏ်အင်၊ ပြိုင်လာလျှင်၊ ကောင်းကင်ပြင်က ကျဉ်းလိမ့်မည်။
*မိဘဂုဏ်စု၊ ပြိုင်လာတု၊ မြေထုမြေလွှာ ပါးလိမ့်မည်။
*မိဘဂုဏ်မှာ၊ ပြိုင်လို့လာ၊ အဏ္ဏဝါက ကျဉ်းလိမ့်မည်။
*မိဘဂုဏ်က၊ ပြိုင်မရ၊ အဆရာထောင် သာလိမ့်မည်။
ထိုမျှမက မိဘမေတ္တာနှင့် နှိုင်းယှဉ်လာသည့် ပန်းရွှေကြာနှင့် စမ်းရေပြာသည်လည်းကောင်း၊ ဒေါင်းဖလ်ဝါနှင့် စန်းစန္ဒာတို့သည်လည်းကောင်း ကြည်ဖြူစွာနှင့်ပင် သူ့အလိုလို အရှုံးပေးသွားခဲ့ကြပြန်၏။ စမ်းရေပြာကိုလည်း ကြည့်ပါဦး။ တသွင်သွင်စီးဆင်းကာ အေးမြပုံချင်းတူသော်လည်း မိဘမေတ္တာကား သားသမီးအပေါ် အမြဲစီးဆင်းနေသော စမ်းချောင်းကလေးအသွင်ဖြစ်ပါ၏။ ပကတိစမ်းချောင်းခေါ်သည့် စမ်းရေပြာမှာမူကား နွေအခါဆို အလိုလိုခန်းခြောက်တတ်သောကြောင့် မိဘမေတ္တာကို မယှဉ်နိုင်သည်မှာ အထူးပြောဖွယ် မလိုအောင်ပင်။
ဖခင်က သားသမီးတို့အပေါ် ရဲရင့်နွေးထွေးသော မေတ္တာဓာတ်ကို ပေးသောကြောင့် နေတစ်စင်းနှင့် အလားတူကြောင်းကိုလည်းကောင်း၊ မိခင်က အေးမြသောမေတ္တာဓာတ်ကို ပေးသောကြောင့် လတစ်မင်းနှင်း အလားတူကြောင်းကိုလည်းကောင်း နှိုင်းယှဉ်ကြည့်နိုင်ပါ၏။
*မေမေ့မေတ္တာ နှိုင်းဆိုရာသည် ညဥ့်အခါလရောင်ခြည်တည်း။
*ဖေဖေ့မေတ္တာ ဥပမာသည် နေ့အခါနေမင်းရောင်ခြည်တည်း။
မှန်ပါ၏။ နေမင်းသည်လည်း အချိန်တန်တော့ အနောက်ဂေါယာကျွန်းသို့ ယွန်းရစမြဲ။ လမင်းသည်လည်း တစ်ခါတစ်ရံ “တိမ်ဖုံးပါလို့ လမသာ” ဆိုတာမျိုး ဖြစ်တတ်ပြန်၏။ မိဘတို့ မေတ္တာအလေင်းရောင်သည်ကား သားသမီးတို့အပေါ်မှာ အချိန်အခါမရွေး ရင်းသွေးများ၏ ဘဝလမ်းခရီးတစ်လျှောက်မှာ အမြဲတမ်း ထွန်းလင်းတောက်ပနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့်ပင်
မိဘတို့၏ ကျေးဇူးတရားကို ယှဉ်ပြိုင်လာသည့် အရာအားလုံး အရှုံးပေးသွားကြရစမြဲ ထုံးစံပင်တည်း။

*မိဘမေတ္တာ၊ ပန်းရွှေကြာနှင့်၊ ပမာနှိုင်းဆို၊ မတိုင်းလိုဘူး၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့။
* မိဘမေတ္တာ၊ စန်းစန္ဒာနှင့်၊ ပမာယှဉ်ဆို၊ မမြင်လိုဘူး၊ ထိုစန်းတိမ်လွှာ ဖုံးတတ်လို့။
* မိဘမေတ္တာ၊ စန်းရေပြာနှင့်၊ ပမာခိုင်းဆို၊ မနှိုင်းလိုဘူး၊ ထိုစန်းနွေမှာ ခမ်းတတ်လို့။
* မိဘမေတ္တာ၊ ဒေါင်းဖလ်ဝါနှင့်၊ နှိုင်းကာယှဉ်ဆို၊ မပြောလိုဘူး၊ ညဆိုနေမင်း ကွယ်တတ်လို့။
(အရှင်သီရိကဉ္စနညဘိဝံသ)
ဤမာတုပေါသကသုတ်အရ မိဘမေတ္တာသည် ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိသော ဤမဟာ ပထ၀ီ မြေကြီးထက်လည်း ကြီးမားလှပါ၏။ ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ထက်လည်း မြင့်မားလှပါ၏။ အလွန်တရာ ကျယ်ဝန်းလှသော မဟာ သမုဒ္ဒရာ ထက်လည်း ကျယ်ဝန်းလှပါ၏။ အလွန်ကျယ်ပြန့်သော အတိုင်းအဆ မရှိသော စကြာဝဠာ ထက်လည်း ပို၍ ကျယ်ပြန့်လှပါ၏။ အဘယ့်ကြောင့်ဟူမူ အဆိုပါ မဟာ ပထ၀ီ မြေကြီး၊ မြင်းမိုရ်တောင်၊ မဟာ သမုဒ္ဒရာ၊ စကြာဝဠာတို့သည် တိုင်းတာ တွက်ဆ၍ ရကောင်း ရနိုင်မည် ဖြစ်သော်လည်း မိဘ မေတ္တာ၏ အတိုင်း အတာ ထုထည် ပမာဏကိုကား တိုင်းတာ တွက်ဆ၍ မရနိုင်သောကြာင့် ဖြစ်ပါ၏။
မြင်းမိုရ်တောင်ဦး မကကြူးသည့် ကျေးဇူးရှင် မိခင် ဖခင်
ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင် “ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။” ဟု ဗုဒ္ဓစာပေ များတွင် မိဘ မေတ္တာ ကြီးမားကြောင်းကို တင်စားရာ၌ ဇမ္ဗုဒိပ်ကျွန်းတွင် အကြီးဆုံး၊ အမြင့်ဆုံးအဖြစ် ထင်ရှားသော မြင်းမိုရ်တောင်ဖြင့် ဥပမာပြု တင်စားလေ့ ရှိပါ၏။
ဘုရားရှိခိုးတိုင်း အနန္တ (၅) ပါးဖြင့် ရှိခိုးလေ့ရှိသလို ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေရာတွင်လည်း အနန္တ (၅) ပါးတို့အနက် မိဘ နှင့် ဆရာတို့ကို အမျှဝေလေ့ ရှိပါ၏။ ထို အနန္တ (၅) ပါးတို့တွင် ဘုရား၊ တရား၊ သံဃာ တို့ကိုမူ အမျှပေးဝေရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဘုရား၊ တရား၊ သံဃာ တို့သည် အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူဖွယ် မလိုသောကြောင့်ပင် ဖြစ်ပါ၏။(ဤနေရာ၌ သံဃာအရ အရိယာ သံဃာကို ရည်ရွယ်၍ ဆိုသည်။) မိဘနှင့် ဆရာတို့မှာမူ ဇနီး မယား သံယောဇဉ်၊ သမီး သား သံယောဇဉ်၊ ပစ္စည်း ဥစ္စာ သံယောဇဉ် စသည်ဖြင့် သံယောဇဉ် အနှောင် အဖွဲ့တို့မှ မလွန်မြောက်နိုင်သေးရကား အမျှဝေခြင်းစသည့် သူတစ်ပါး၏ အကူအညီကို ယူရန်လိုအပ်သောကြောင့် ဖြစ်ပါ၏။
အနှိုင်းမဲ့မေတ္တာရှင်
အမေသည် အနန္တောအန န္တ(၅)ပါးတွင် ပါဝင်၏။ အမေ (သို့မဟုတ်) မိဘတို့၏ ကျေးဇူးတရား အဆုံးအပိုင်းအခြားမရှိအောင် များပြားလွန်းသောကြောင့် “အန န္တ” ဟု စကားလုံးတစ်လုံးတည်း သုံးရသည်ကိုပင် အားမရနိုင်၊ မကျေနပ်နိုင်သဖြင့် နောက်ထပ် “အန န္တ”တစ်လုံး ဖြည့်စွက်သုံးကာ ပ်ါဠိသဒ္ဒါနည်းအရ အလယ်တွင်သြသရထည့်၍ “အနန္တောအန န္တ” ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါ၏။ “ပရိယာယ်နှစ်ချက်ဆင့် အနက်မြင့်ရမြဲ”တဲ့။ ပရိယာယ်တူပုဒ် နှစ်ခါထပ်ပြောလျှင် “အလွန်”ဟူသော အနက်အဓိပ္ပါယ်ထွက်၏။ ဥပမာ။ ။မဟာ-ကြီးသည်၊ မဟာ့မဟာ-အလွန်ကြီးသည် ဟူလို။ အဆုံးအပိုင်းအခြားမရှိအောင်၊ ရေတွက်ခြင်းငှါ မစွမ်းသာအောင် ကျေးဇူးတရားတရား များပြားကာ နှိုင်းတု၍မရသောကြောင့် “အနှိုင်းမဲ့မေတ္တာရှင်” ဟု အမေကို တင်စားကာ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါ၏။
အစားထိုး၍ မရနိုင်သော အရာ
လောကမှာ ဥစ္စာ စီးပွါး၊ ပညာ အသိတရား၊ သြဇာ အာဏာ များဖြင့် မည်သည့်အရာမဆို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါလိမ့်မည်။ လိုတိုင်းရ၊ တတိုင်း ပြည့်စုံကောင်း ပြည့်စုံပါလိမ့်မည်။ အဖေ အမေ တည်းဟူသော မိဘကိုမူ ဘယ်သောအခါမျှ အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ လင်သေလျှင် လင်စား ရနိုင်ပါ၏။ မယားသေလျှင်လည်း မယား အစား ရနိုင်ပါ၏။ သား သမီး သေလျှင်သော်မှ သား သမီး အစား ရနိုင်သည်သာ ဖြစ်ပါ၏။ မိဘများ သေသွားလျှင် မိဘနေရာကို အစားထိုး၍ ရနိုင်မည် မဟုတ်ပေ။ အမေမရှိလျှင် အမေကို အစားထိုးကာ အတုပြုလုပ်၍ ရနိုင်မည် မဟုတ်ပါပေ။
မိဘတို့၏ မေတ္တာသည် အစားထိုး၍ မရသော မေတ္တာများသာ ဖြစ်ပါ၏။ မိဘ မေတ္တာကို နှစ်နှစ်ကာကာ ခံစားရသူသည် မိုးကြီး သည်းထန်စွာ ရွာသွန်းပါက မြစ်ချောင်း အင်းအိုင်တို့တွင် မိုးရေတို့သည် မို့မောက် ပြည့်လျှံရုံမက ယိုဖိတ် စီးဆင်းကုန်ဘိသကဲ့သို့ မကုန်နိုင် မခမ်းနိုင်အောင် ပြည်လျှံစွာ ခံစားရပါ၏။ မိဘမေတ္တာ မရှိတော့ဟု ဆိုလျှင်လည်း မည်သည့် ပစ္စည်း မည်သည့် အရာဝတ္ထုနှင့်မျှ အစားထိုး၍ မရနိုင်တော့ပေ။ မိဘသည် မည်သည့်နေရာတွင် မဆို ကိုယ်စားဝင်ယူနိုင်၏။ မိဘနေရာကိုကား မည်သူမျှ ကိုယ်စား မ၀င်နိုင်ပေ။ ထိုကြောင့် အမေ့မေတ္တာသည် နေရာတိုင်းမှာ ရှိပြီး အမေ့မေတ္တာသည် အရာအားလုံး၏ ကိုယ်စားပြု နိမိတ်ပုံပင်တည်း။
မိမိအသက်စွန့်၍ မိဘကျေးဇူးကြွေးကို ပေးဆပ်ခြင်း
မိဘတို့အား ကောင်းစွာလုပ်ကျွေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ဟု ၃၈-ဖြာမင်္ဂလာ တရားတော်တွင် ဖော်ပြထားပေး၏။ ထိုမင်္ဂလာတရားတော်နှင့်အညီ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်မျောက်အိုမကြီးကို ကောင်းစွာလုပ်ကျွေး၍ အသက်ပေးစွန့်ခဲ့သော မျောက်ညီနောင် အကြောင်းကို ဒုကနိပါတ်၊ စူဠနန္ဒိယဇာတ်တော်တွင် ဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုချိန်၌ ဘုရားလောင်းသည် ဟိမ၀န္တာအရပ်တွင် မဟာနန္ဒိယအမည် ရှိသော မျောက်ဖြစ်လေ၏။ မဟာနန္ဒိယတွင် သူဠနန္ဒိယ အမည်ရှိ ညီငယ်မျောက်မင်းလည်း ရှိလေသည်။ ထိုမျောက်ညီနောင်တို့သည် မျောက်ရှစ်သောင်းကို ခြံရံအုပ်ချုပ်၍ မျက်မမြင်မိခင် မျောက်အိုမကြီးကို လုပ်ကျွေးပြုစုနေကြလေ၏။

မျောက်ညီနောင်သည် မိခင် မျက်မမြင် မျောက်အိုမကြီးကို ချုံတနေရာတွင် နေရာချထားပြီး မျောက်အပေါင်းကို ခြံရံကာ တောထဲသို့ နေ့စဉ်ဝင်ရောက် အစာရှာကြကုန်၏။ မျောက်ညီနောင်သည် ချိုမြိန်သော သစ်သီးသစ်ဖုများကို မိခင်ထံသို့ အခြံအရံမျောက်တို့အား ပို့ဆောင်စေလေ၏။ အခြံအရံမျောက်တို့သည် မျောက်ညီနောင်၏ မိခင်အား ချိုမြိန်သော သစ်သီးသစ်ဖုများကို မပေးဘဲ မာကျောရင့်ရော်သော သစ်သီးသစ်ဖုများကိုသာ ပေးပို့ပြီး ကောင်းမွန်သော သစ်သီးသစ်ဖုများကို မိမိတို့ဘာသာ စားလိုက်ကြလေ၏။

မိခင်မျက်မမြင် မျောက်အိုမကြီးမှာ မာကျောရင့်ရော်သော သစ်သီးများကို မစားနိုင်သောကြောင့် အစာရေစာငတ်သဖြင့် ခန္ဓာကိုယ်သည် အရိုးအရေမျှသာ ရှိလေ၏။ တနေ့တွင် မဟာနန္ဒိယမျောက်မင်းသည် မိခင်ထံသို့ သွားရောက်သည့်အခါ အရိုးအရေမျှသာရှိသော မိခင်ကို တွေ့ရလျှင်- မိခင်၊ ကျွန်ုပ်တို့သည် မိခင်ထံသို့ နေ့စဉ် ကောင်းမွန်လတ်ဆတ်သော သစ်သီး သစ်ဖု များကို ပို့သစေပါ၏။ မိခင်သည် အဘယ်ကြောင့် အရိုးအရေမျှသာ ရှိရပါသနည်း-ဟု မေးလေသည်။

အို ချစ်သား မဟာနန္ဒိယ၊ သင်တို့ပို့သစေသော သစ်သီးသစ်ဖုကို ငါမရ-ဟု ဖြေလေသည်။ ထိုအခါ မဟာနန္ဒိယမျောက်မင်းသည် မျောက်အပေါင်းတို့အကျိုးကို ဆောင်ရွက်သည်ရှိသော် ငါ၏မိခင် ပျက်စီး ဆုံးရှုံးရပေတော့မည်။ မျောက်အပေါင်းတို့ကို စွန့်လွှတ်ကာ မိခင်ကိုသာ ပြုစု လုပ်ကျွေး ပါတော့မည်-ဟု ကြံစည်လေ၏။

ထို့နောက် ညီငယ် စူဠန္ဒိယကိုခေါ်ကာ မျောက်အပေါင်းကို ဦးစီးအုပ်ချုပ်စေရန် အပ်နှံလေ၏။ ညီငယ် စုဠနန္ဒိယကလည်း လက်မခံဘဲ မိခင်ကိုသာ လုပ်ကျွေးလိုပါသည်-ဟု ဆိုသဖြင့် မျောက်ညီနောင် တို့သည် မျေက်အပေါင်းကိုစွန့်ကာ မိခင်ကိုခေါ်၍ ဟိမ၀န္တာအရပ်မှ ဆင်းသက်လာခဲ့ကြ၏။ အစွန်အဖျား အရပ်တခုဖြစ်သော ပညောင်ပင်၌နေကြ၍ မိခင်မျောက်အိုကြီးကို ပြုစုလုပ်ကျွေးလေ၏။

ထိုအချိန်တွင် ဗာရာဏသီမြို့နေ ပုဏ္ဏားလုလင်တဦးသည် အခြားအတတ်ပညာဖြင့် အသက်မွေးမြူရန် မတတ်နိုင်သောကြောင့် လေးအတတ်ဖြင့် မုဆိုးလုပ်၍ အသက်မွေးရန် စိတ်ကူးမိလေ၏။ ထို့နောက် လေးမြားကိုလွယ်ကာ တောထဲသို့ဝင်၍ သားကောင်အမျိုးမျိုးသတ်ပြီး အသားရောင်းသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။

တနေ့တွင် ပုဏ္ဏားမုဆိုးသည် တောလယ်မှအပြန် သားကောင်တစုံတရာ ရရှိမလာသောကြောင့် ဟိုဟိုသည်သည် ကြည့်ရှု၏။ ထိုအခါ ကွင်းပြင်အစွန်အဖျား၌ရှိသော ပညောင်ပင်ကိုမြင်လျှင် ဤပညောင်ပင်၌ သားကောင်တစုံတရာ ရှိကောင်းရှိမည်-ဟု သံသယရှိကာ ပညောင်ပင်သို့ ရှေးရှုလာခဲ့သည်။

ထိုအချိန်တွင် မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို သစ်သီးရှာကျွေးပြီး သစ်ခွကြား၌ နားနေချိန်ဖြစ်၏။ ပုဏ္ဏားမုဆိုး ပညောင်ပင်သို့ လာနေသည်ကို မြင်သောအခါ မျောက်ညီနောင်တို့သည် မိခင်မျောက်အိုမကြီးကို ခွကြား၌ထားခဲ့ပြီးလျှင် ပညောင်ပင်ရွက်ကြား၌ ပုန်းအောင်းနေလေ၏။

မုဆိုးသည် မျောက်အိုမကြီးကို ပညောင်ပင်၌ တွေ့သောအခါ ငါ လက်ချည်းပြန်သွားလျှင်ကား အဘယ်အကျိုးရှိတော့အံ့နည်း။ ဤမျောက်အိုမကြီးကိုဖမ်းသွားမည်-ဟု ကြံစည်ကာ မျောက်အိုမကြီးကို ပစ်ရန် လေးတင်လေသည်။

မဟာနန္ဒိယမျောက်မင်းသည် မုဆိုးလေးတင်သည်ကို မြင်လျှင် ညီတော် စူဠနန္ဒိယ၊ ဤယောက်ကျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါအံ့။ သင်သည် ငါသေသွားသောအခါ မိခင်ကို လုပ်ကျွေးပါလော့-ဟု မှာကြားပြီးလျှင် သစ်ရွက်ကြားမှ ထွက်ကာ အို-အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါ၏မိခင်သည် ကန်းလဲကန်း၏။ အိုလဲ အိုပါ၏။ ငါသည် မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါ၏မိခင်ကို မသတ်ဘဲ ငါ့ကိုသာသတ်၍ ယူပါ-ဟု ဆိုကာ မုဆိုးထံ ၀န်ခံကတိယူ၍ မြားရှေ့တည့်တည့်တွင် ရပ်လေ၏။

မုဆိုးယုတ်သည် မဟာနန္ဒိယမျောက်မင်းကို ပစ်ယူလေ၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မိခင်မျောက်အို မကြီးကို ပစ်ရန် လေးကိုထပ်တင်ပြန်၏။ ထိုအခါ ညီငယ် စူဠနန္ဒိယက ဤယောက်ျားသည် ငါ၏မိခင်ကို ပစ်လို၏။ ငါသည်လည်း ငါ၏မိခင်အတွက် အသက်ပေးလှူအံ့-ဟု ဆုံးဖြတ်ကာ သစ်ရွက်ကြားမှထွက်၍- အို အသင်မုဆိုး၊ ငါ၏မိခင်ကို မပစ်ပါနဲ့။ ငါသည် ငါ၏မိခင်အတွက် အသက်ပေးလှူပါမည်။ သင်သည် ငါတို့ညီနောင်ကို ယူပါ။ ငါ၏ မိခင်ကို အသက်ချမ်းသာပေးပါလော့-ဟု ၀န်ခံကတိတောင်းလေ၏။ မုဆိုးယုတ်သည် စူဠနန္ဒိယ မျောက်မင်းကို မြားဖြင့်ပစ်ပြန်၏။ ထို့နောက် ၀န်ခံကတိကိုဖျက်ကာ မျက်မမြင် မျောက်အိုမကြီး ကိုလည်း ပစ်ပြန်လေ၏။ မုဆိုးယုတ်သည် မျောက် ၃-ကောင်ကိုထမ်းကာ အိမ်သို့ ၀မ်းသာ ပျော်ရွှင်စွာ ပြန်လေ၏။

ထိုအချိန်၌ပင် မုဆိုးပုဏ္ဏားနေထိုင်သော အိမ်ကို မိုးကြိုးပစ်ချခံရ၍ တအိမ်လုံး မီးလောင် သွားလေသည်။ မုဆိုး၏ မယားနှင့် သားငယ်နှစ်ယောက်တို့လည်း မီးထဲသို့ ပါသွားလေသည်။ အိမ်နေရာ၌ ခေါင်းတိုင်တို့သာ ကျန်ရှိတော့သည်။ မုဆိုးလည်း ရွာတံခါးအရောက်တွင် ရွာသားအသိတယောက်က အကြောင်းစုံ အဖြစ်အပျက်ကိုပြောပြ၏။ မုဆိုးလည်း ပြင်းစွာသော စိုးရိမ်ခြင်းဖြစ်သဖြင့် အမဲနှင့်တကွ ထမ်းပိုး၊ လေးမြားတို့ကို ပစ်ချကာ အိမ်သို့ ပြေးဝင်လေသည်။ ထိုအချိန်၌ ခေါင်းတိုင်တို့သည် ပြုတ်ကျ၍ မုဆိုးဦးခေါင်းကို ခွဲလေသည်။ မြေကြီးသည်လည်း အက်ကွဲလာပြီး မီးလျှံများတတ်ကာ မုဆိုးကို မြေမျိုလေသည်။
(စူဠနန္ဒိယ၊ မဟာနန္ဒိယဇာတ်၊)
ဤဇာတ်တော်ကို ကြည့်လျှင် မျောက်တို့သည် တိရိစ္ဆာန်ပင် ဖြစ်သော်လည်း မျက်စိ မမြင်သော မိခင်အိုကြီးကို မိမိအသက်ကိုပင် စွန့်၍ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ သား သမီးတို့၏ မိဘအပေါ် လုပ်ကျွေး ပြုစုသော စေတနာ နှင့် စိတ်ဓာတ်ကို အတုယူဖွယ်ရာအဖြစ် တွေ့မြင်နိုင်ပါသည်။ မိမိတို့လူသားများသည် တိရစ္ဆာန်ထက် အသိဉာဏ်ပိုသာ သူများ ဖြစ်ကြသောကြာင့် အမေ၏ကျေးဇူးကို ပိုမိုနားလည်သင့်သလို ပိုမို၍လည်း ပေးဆပ်ရမည် ဖြစ်ပါသည်။
“ကတညုတ ကတဝေဒီ”
“ကတညုတ” ဟူသည် မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ စသော ကျေးဇူးတရားကို သိနားလည်ခြင်းပင် ဖြစ်ပါ၏။
“ကတဝေဒီ” ဟူသည် ထိုမိဘတို့၏ အနန္တ ကျေးဇူးတရားကို ပြန်လည် ပေးဆပ်ခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် မိဘတို့၏ အနန္တ မေတ္တာကို ရှေးဦးစွာ သိနားလည်ရမည် ဖြစ်ပါ၏။ နားမလည်သေးပါကလည်း နားလည်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ ထိုသို့ သိရှိ နားလည် သဘောပေါက်ပြီးသောအခါ မိဘတို့၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ရမည် ဖြစ်ပါသည်။ ကျေးဇူးကြွေးကို ကျေလည်အောင် မပေးဆပ်နိုင်သော်မှ မိမိစွမ်းနိုင်သမျှ ပေးဆပ်ရမည်သာတည်း။ ဤသို့ ပြုလုပ်ခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဖြာ ကြီးပွါးတိုးတတ်ကြောင်းကို ပြုလုပ်သည် မည်ပါသည်။
ဆောင်ပုဒ်။ ။ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊
ဥစ္စာစီးပွါး၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊
သရေမတိုး၊ ဘုန်းရောင်ညိုးလျက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ (မဃဒေ၀ လင်္ကာ၊၁၉၀။)
မိဘတို့၏ ကျေးဇူးကို မသိတတ်သော၊ ကျေးဇူးမဆပ်သော သားသမီးမိုက် သူယုတ်မာတို့သည် ဥစ္စာစီးပွါးများကို ရှာဖွေစုဆောင်းနိုင်ငြားလည်း ထိုစည်းစိမ်ဥစ္စာတို့သည် တည်မြဲလိမ့်မည် မဟုတ်ပါပေ။ ရေစစ်နှင့် ရေခပ်သလို၊ အိတ်ပေါက်နှင့် ဖားကောက်သလို ရှာဖွေရသမျှ ကုန်ဆုံးပျောက်ပျက်ရမြဲ ဓမ္မတာတည်း။ ကောင်းကျိုးအဖြာဖြာ ကျက်သရေမင်္ဂလာတို့သည်လည်း တစ်နေ့တစ်ခြား ညိုးမှိန်လာကာ လဆုတ်ရက်မှာ ထွက်ပေါ်လာသောလပမာ တစ်ဖြည်းဖြည်း ကွယ်ပျောက်ရမြဲပင်တည်။

အမေနှင့် အမေများသို့
အမေအကြောင်းဖတ်ရလျှင် စာရေးသူသည်လည်း အမေကို သတိရမြဲ။ အမေဇာတ်လမ်း ကြည့်ပြီးတိုင်း ဝမ်းနည်းမျက်ရည် လည်ရမြဲပင်။ ထိုကြောင့် “အမေနေ့”ရောက်တိုင်း အမေ့အတွက် အမေအကြောင်း ရေးမိပြန်ပါကော အမေ။ ဒါပေမဲ့ သားမောင် ရေးသော ဤစာကို တမလွန်ဘဝသို့ ရောက်နေပြီဖြစ်သော အမေကတော့ မြင်နိုင်၊ သိနိုင်၊ ဖတ်နိုင်တော့မည် မဟုတ်ပါပေ။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း ဤအချိန် ဤနေ့ ဤရက် ရောက်ပြီဆိုလျှင် သားမောင် မနေနိုင်ခဲ့။ အမေအတွက် သားလုပ်ရမည့် တာဝန်တစ်ခုဟု ခံယူကာ လုပ်နေမိမြဲပင်။ ရှိပါစေတော့ အမေအတွက် သားနှလုံးသွေးနှင့်ရေးသော ဤစာကို အမေ မဖတ်နိုင်လျှင်သော်မှ လောကထဲမှာရှိနေကြသော သူ့အမေ၊ ခင်းဗျားအမေ၊ တစ်ခြားသူ၏အမေ စသည့်စသည့် အမေများစွာ ကျန်ရှိနေကြပါ၏။ ထိုအမေများသည် ဤစာကိုဖတ်မိ သိရှိလျှင်လည်း အမေကိုယ်တိုင် ဖတ်သလို၊ အမေကိုယ်တိုင် သားရဲ့ခံစားချက်ကို နားလည်ကာ အသိအမှတ်ပြုသလို အတူတူပင်ဖြစ်ပါ၏။ ထိုကြောင့်ပင် စာရေးသူသည်လည်း……
…………………………..
ရွာပြန်လျှင် အမေကြိုလို့
စားလိုရာ အမေကျွေးပါတဲ့
အေးမြတဲ့ အမေ့မျက်နှာ
ခုခါတော့ ပျောက်ဆုံး။
သို့လည်းလေ
မေ့သား သည်လိုဖြေမပေါ့
သည်ရပ်မြေ ကျန်ဒေသဆီက
မိခင်တွေ ဟူသမျှကိုလ
မွေးမိခင် ထင်ကာမှတ်မယ်ပေါ့
ကမ္ဘာ့ ဤရေမြေ၌
အမေ မသေသေးချေဟု
သားလူပေ စိတ်ဖြေတွေးလို့ရယ်
ဆွေးရိပ်ကိုဖုံး။ ။
( တင်မိုး)
အမေ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ်တင်ပြရလျှင် ကုန်နိုင်ဖွယ် မမြင်။ သက်တမ်းရှည်၍ တန်ခိုးကြီးသော ဗြဟ္မာတို့က လျှာပေါင်းကုဋေ ဖန်ဆင်း၍ မိဘဂုဏ်ကျေးဇူးကို ပြောကြားလျှင်သော်မှ သက်တမ်းသာ ကုန်ဆုံးသွားမည် မိဘတို့၏ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်ပေ။ ထို့ကြောင့်ပင် “မာတာပိတုဂုဏော အနန္တော” ဟု အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ ဆရာတို့နှင့် တစ်တန်းစားတည်းထားကာ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္စ န္တ မန္တရံ။
သရီရံ ခဏ၀ိဒဒ္ဓံသီ၊ ကပ္ပ န္တဋ္ဌာယီနော ဂုဏာ။
(ဟိတောပဒေသ၊ မိတ္တလာဘ၊ ဂါထာ ၄၉)
သရီရဿစ၊ ခန္ဓာကိုယ်၏လည်းကောင်း။ ဂုဏာနဉ္စ၊ ခန္ဓာကိုယ်၌ တည်ရှိသော ဂုဏ်ကျေးဇူးတို့၏ လည်းကောင်း။ အန္တရံ၊ တစ်ခုနှင့် တစ်ခု ခြားနားခြင်းသည်။ အစ္စ န္တံ စင်စစ်။ ဒူရံ၊ ဝေးကွာလှ၏။ သရီရံ၊ ခန္ဓာကိုယ်သည်။ ခဏ၀ိဒ္ဓံသီ၊ နှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီးခြင်းသဘော ရှိ၏။ ဂုဏာ၊ သမ္ပတ္တိအဖုံဖုံ ဂုဏ်ကျေးဇူးအစုံစုံတို့သည်ကား။ ကပ္ပ န္တဋ္ဌာယိနော၊ ကမ္ဘာဆုံးသည့်တိုင်အောင် ရှိကြကုန်လတ္တံ့။
“အရှည်မကြာ၊ ကိုယ်ခန္ဓာကား၊ တစ်ရာအနှစ်၊ ကိုယ်၌ဖြစ်သား၊
ပြန်စစ်နှိုင်းလျော်၊ ကျေးဇူးသော်မှ၊ ကျူးကျော်ကုန်ခမ်း၊ ကမ္ဘာကျွမ်းလည်း၊
ဥဒါန်းမကျေ၊ လူ့ပြည်နတ်ရပ်၊ ပဲ့တင်ထပ်လိမ့်။”
(၀ိဓူရပျို့)
အမေ၏ ကိုယ်ခန္ဓာကား အနှစ်တစ်ရာအတွင်း (အသက်တမ်းကုန်လျှင်) တစ်ချိန်ချိန်၌ ပျက်စီး ချုပ်ငြိမ်းသွားနိုင်၏။ သို့သော် အမေ၏ အန န္တ ဂုဏ်ကျေးဇူးတော်တို့ကား ကမ္ဘာ ပျက်သည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ မိဘကျေးဇူးကို မည်သည့်အရာကမျှ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်နိုင်စွမ်းမည် မဟုတ်ပါပေ။ လောကတွင် ကျေးဇူးတရားကို သိသူရှား၏။ ထို့ထက် သိသောကျေးဇူးကို ထုတ်ဖော် ပြောဆိုသူ ရှား၏။ ထို့ထက် ကျေးဇူးတရားကို တုန့်ပြန် ပေးဆပ်နိုင်သူသည် အရှားဆုံးပင် ဖြစ်၏ဟု ပညာရှိတို့ မိန့်ဆိုတော် မူခဲ့ကြသည်။
မိမိသည် အမေကမွေး၍ လူ့လောကထဲသို့ရောက်ခဲ့ရ၏။ အမေကကျွေး၍ လူလားမြောက်ခဲ့ရ၏။ အမေ၏ ညွှန်ပြမှုဖြင့် လူတစ်လုံး သူတစ်လုံး ဖြစ်ခဲ့ရ၏။ အမေ၏လမ်းညွှန်မှုဖြင့် ခရောင်းလမ်းကို ကျော်လွှား၍ ပန်းခင်းလမ်းကို လျှောက်လှမ်းကာ ပန်းလေမွှေးကို ရှူရှိုက်ခဲ့ရသလို စမ်းရေအေးကို သောက်သုံးခွင့် ရခဲ့၏။ အမေမြှင့်၍ မိမိဘဝ တင့်တယ် ထယ်ဝါခဲ့ရ၏။ မိမိသည် အမေ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော အဆုံးအမများသည်လည်း မိမိ နှလုံးသားတွင် ထာဝစဉ် စွဲထင်လျက် ရှိခဲ့ပါပြီ။ မိမိဘဝတစ်ခုလုံးသည်ပင် အမေကျေးဇူးတရားနှင့် ကင်းသောအရာ၊ အမေ့မေတ္တာမှ ကွက်ကျန်ခဲ့သောအရာ တစ်ခုမျှ ရှိမည်မထင်ပါပေ။
သို့သော် အမေ့ကျေးဇူးကို သိကားသိ၏။ ထုတ်ဖော် ပြောဆိုခြင်း၊ တုန့်ပြန် ကျေးဇူဆပ်ခြင်းကို မိမိစိတ်မှာ ကျေနပ်လောက်အောင် မပြုနိုင်ခဲ့ပေ။ အမေကား မြန်မာပြည် အလယ်ပိုင်းက မထင်မရှား တောရွာလေးတစ်ခုမှာ နေ၏။ မိမိကား အမေနှင့် ဝေးကွာလှသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ရုန်းကန်လှုပ်ရှား ကြိုးစားနေရ၏။ အမေ၏ အန န္တ ကျေးဇူးတရားကို သိသော်လည်း အမေ့အနားမှာနေ၍ ကိုယ်ဖိရင်ဖိ မပြုစုနိုင်ခဲ့၊ ရေပူရေချမ်း မကမ်းလှမ်းနိုင်ခဲ့ပေ။ အမေ၏ ရင်အပူကို ဖေးမကူနိုင်ရှာခဲ့ပေ။ အမေသေခါနီးသော်မှ အနားတွင်နေကာ အမေ့လက်ကို ဆုပ်ကိုင်လို့ အားမပေးနိုင်ရှာခဲ့ပေ။ မိမိသည် “အမေများနေ့”မှာ အမေ့အတွက်ရေးသော ဤဆောင်းပါးဖြင့် မိဘတို့၏ ဂုဏ်ကျေးဇူးတို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ အမေ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ကာ ကန်တော့လိုက်ပါ၏။ အမေ့မွေးကျေးဇူးကို ကုန်စင်အောင် တုန့်ပြန် မဆပ်နိုင်သော်ငြားလည်း ဤသို့ နှိုင်းဆမကုန်သော အမေ့ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော် ရေးသားပြခြင်းကြောင့် အမေ၏ ကြီးမားလှသော အနန္တကျေးဇူးတော်တို့မှ မြူတစ်မှုန်စာမျှ ကျေသည်ဆိုလျှင်ပင် မိမိဘ၀ တစ်သက်တာတွင် ကြည်နူးကျေနပ်စွာဖြင့် ထာဝရ ၀မ်းမြောက်နေမည်သာ ဖြစ်ပါသတည်း။

(အမေများနေ့ကို ဂုဏ်ပြုလျက် အမေအားလုံးကို ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။)
တက္ကသိုလ် မောင်ကိုရင်
posted May 14, 2012, 5:04 PM by Theravada Taiwan   [ updated May 14, 2012, 5:05 PM

ဆုတောင်းခြင်းအကြောင်း သိကောင်းစရာ။

အချို့ သော ဗုဒ္ဓဘာသာဝင်နှင့် အခြားသော အနောက်တိုင်းသားတို့ သည်  ဗုဒ္ဓ၀ါဒတွင် ဆုတောင်းခြင်းဆို တာ မဖြစ်သင့်၊ အချည်းအနှီးမျှသာဖြစ်သည်ဟု မှားယွင်းစွာ ယူဆထားကြသည်။


( ထိုထိုများစွာ ၊ သတ္တဝါ၌ ၊ သဒ္ဓါသီလ ၊ သုတစာဂါ ၊ ပညာတရား ၊ ဤငါးပါးနှင့် ၊ ပြည့်ငြားသူ များသာ ) မဃဒေ၀ လင်္ကာ

စင်စစ်အားဖြင့် ဗုဒ္ဓ၀ါဒ တွင် ဆုတောင်းခြင်းဆိုသည်မှာ သာမန်ဆုတောင်းခြင်းမဟုတ်။ ဆိုင်ရာ-ဆိုင်ရာ လိုအပ်သည့် အခြေအနေကောင်းတွေ မိမိ သနÚ္တာန်မှာ ဖြစ်ပေါ်အောင် ပြုလုပ်ပြီးမှ မိမိ၏ ဆန္ဒပြည့်ဝအောင် ဆောင်ရွက်ခြင်းမျိုးဖြစ်ကြောင်း မှတ်သားသင့်သည်။
ဘုရားရှင်က ဥပရိပဏ္ဏာသပါဠိတော် သင်္ခါရုပ္ပတ္တိသုတ်တွင် သဒ္ဓါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ဆိုသည့် အင်အားငါးရပ် (အရင်းအနှီးများ)နှင့် ပြည့်စုံသူသည် မည်သည့်ဆုဖြစ်စေ တောင်းနိုင်ကြောင်း၊ (အောက်ဖော်ပြပါ) အင်္ဂါသုံးရပ်နှင့် ကိုက်ညီပြည့်ဝလျှင် တောင်းသောဆုသည် အလုံးစုံပြည့်ဝ တတ်ကြောင်း နိကာယ် ပါဠိတော်တွင် ဟောထားပါသည်။ လိုအပ်သော အင်္ဂါသုံးချက်ကား --
၁။ ဖြစ်လို-ရလိုသော စိတ်ကို အစဉ်မပြတ်ဖြစ်ပွားအောင် (သို့ ) စိတ်အားထက်သန်နေအောင် ထားရှိခြင်း။
၂။ စွဲမြဲခိုင်မာမှုရှိအောင် အဓိဌာန်ထားခြင်း။
၃။ ကြိမ်ဖန်များစွာ တိုးပွားစေရန် အမြဲတစေ ကြံစည်စိတ်ကူးမှုပြုနေခြင်း - စသည်တို့ ကို မှတ်သားရသည်။

သဒ္ဓါ - ဘုရားရှင်၏ ဗောဓိဥာဏ်ကို အကြွင်းမဲ့ ယုံကြည်ခြင်း ၊ ရတနာသုံးပါး ၊ကံ-ကံ၏အကျိုး နှင့် မိမိအင်အားကို ပြည့်ဝစွာ ယုံကြည်ခြင်း။ 
သီလ - ကံသုံးပါးဆိုင်ရာ စောင့်ထိန်းမှု။ (ကိုယ် ၊ နှုတ် ၊ နှလုံး)
သုတ - တရားစာပေနှင့် အဘက်ဘက်မှ ဗဟုသုတနှင့် ပြည့်ဝမှု။
စာဂ  - မိမိပိုင်ဆိုင်မှုများကို  စွန့်လွှတ်နိုင်မှု။ 
ပညာ - ကမ္မဿကတာ ဥာဏ်အမြင် ပြတ်သားထင်ရှားမှု၊ ကံ-ကံ၏ အကျိုးကို ပိုင်းခြားသိမြင်မှု။

မှတ်ချက်။  ။ ဘုရားလောင်းသုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံ ဘုရားဆုပန်ခဲ့ပြီးနောက် ဘ၀များစွာ ပါရမီ၁၀ပါး-အပြား၃၀၊ စရိယ သုံးပါး၊ စွန့် ခြင်းငါးပါးစသည့် မွန်မြတ်သည့်အရည်အချင်းကောင်း များပြည့်ဝခဲ့ခြင်းကြောင့် နောက်ဆုံးဘ၀တွင် ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ဤသည်မှာ ဆုတောင်းခြင်း နှင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်းခြင်း နှစ်ရပ်တို့ ၏ အကျိုးရလဒ်ဖြစ်သည်မှာ ထင်ရှားသည်။

ထို့ ကြောင့်-လိုအပ်သည့် အရည်အချင်းငါးရပ် မပြည့်ဝဘဲနှင့်တော့ မည်သူမျှ ဆုတောင်းလို့ မရ - ဆုတောင်းဖို့  အရည်အသွေးမပြည့်မီနိုင်။ ပါ-ချုပ်ဆရာတော်ဘုရားက ဆိုထားသည်- အလုပ်လိုချင်တဲ့သူက အလုပ်လျှောက်တဲ့အခါ လိုအပ်တဲ့အရည်အချင်းတွေ (ပညာ၊ အတွေ့ အကြုံစသည်) ပြည့်ဝမှ အလုပ်ရမှာ ဖြစ်သလို ဆုတောင်းတဲ့သူကလည်း လိုအပ်တဲ့ အရည်အချင်းငါးရပ်ကိုယ့်မှာရှိမှ ဆုတောင်းရင် ပြည့်စုံနိုင်မယ်။ 
http://thebuddhismheight.blogspot.com/2014/06/blog-post_4.html မှကူးယူဖေါ်ပြပါသည်။

မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း


မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း
“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။


ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။

လင်္ကာ by the eXistence
................................
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဆိုတာ ဟုတ်ရဲ့လား
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။

ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
" သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ "

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက်
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ
များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။
မင်းနန် (မော်ကျွန်း)
………………………….

မိဘကျေးဇူး ဆပ်သင့်တယ်

ဘုရားရှင်က လူ့ဘ၀မှာ အမေနဲ့ (၇) ရက်ထဲ နေဘူးတာတောင်
နတ်ပြည်အထိ အမေ့ကျေးဇူးကို လိုက်ဆပ်တယ်။
မင်းတို့တတွေ အမေနဲ့အတူ နှစ် (၂၀) မက အတူနေလာပြီး
အမေချက်ကျွေးတာ နှစ် (၂၀) မက ထိုင်စားလာတာ။
ဒီတော့ အမေ့ကို ကျေးဇူး အများကြီး ဆပ်သင့်တယ်၊ ဆပ်ရမယ်။

(ဒေါက်တာအရှင်ဣန္ဒက - Dhamma Garden)
…………………………….

မိဘမေတ္တာ

လုံခြုံ နွေးထွေး၊ ယုယ ကြင်နာ
ပိုလျှံ အချစ်တွေ၊ ဖွဲ့ စည်းထားတဲ့ အိမ်။

မေတ္တာ ဂရုဏ၊ စေတနာ အပြည့်
ပေးဆပ်ခြင်းတွေ မဆုံးနိုင်တဲ့ မြစ်။

သည်းခံ ခွင့်လွတ်၊ တောင်းဆု အနန္ဒ
အနတ္တ အဆုံးတိုင် ရောက်ရှိမယ့် အလင်း။

( the eXistence )
..............................................
တူညီပါစေ

ငယ်စဉ်အခါက အမေ့ဆီက
မုန့်ဖိုးတောင်းစဉ်က ခေါ်ခဲ့တဲ့
''အမေ" ဆိုတဲ့လေသံ နှင့်
အခု အမေ့ လက်ထဲကို
ငွေထည့်ပေးတဲ့အခါ ခေါ်တဲ့ လေသံ တူညီပါစေ။

(အရှင် သုမန) တောင်ကြီးမြို့
……………………………………
ကွက်လပ်ဖြည့်ပါ

လူသားမှန်သမျှ သူတစ်ပါးအပေါ် အလွန်အပြစ်မြင်လွယ်ပါသည်။ သူ့ကျေးဇူးကို သိသူကား အလွန်ရှားပါသည်။ လူသားတို့သည် မိဘ၊ ဆရာ၊ ရဟန်းသံဃာများနှင့် ဆက်ဆံသောအခါ အပြစ်ကို မကြည့်ဘဲ ကျေးဇူးကို ကြည့်တတ်ဖို့ အလွန်လိုပါသည်။ ထိုလိုသော အကွက်ကိုဖြည့်ရန် ဘုန်းကြီး တိုက်တွန်းပါသည်။

( ထီးချိုင့်တည်တောဆရာတော်ဘုရားကြီး )
…………………………………….
လက်ဦးဆရာ၊ မည်ထိုက်စွာ - ပုဗ္ဗာစရိယ၊ မိနှင့်ဘ

ငယ်သော်ကသား၊ လိုလိုက်ငြားက
ကြီးမားသောအခါ၊ ကျားပမာ၊ မှန်စွာကြောက်ဖို့တည်း။

ငယ်သော်ကသား၊ ဆုံးမငြားက
ကြီးမားသောအခါ၊ အားပမာ၊ မှန်စွာကိုးဖို့တည်း။

ငယ်သော်သမီး၊ ဆုံးမနည်းက
ကြီးမားသောအခါ၊ မီးပမာ၊ မှန်စွာပူဖို့တည်း။

ငယ်သော်သမီး၊ ဆုံးမပြီးက
ကြီးသောအခါ၊ ထီးပမာ၊ မှန်စွာအေးဖို့တည်း။

( အရှင်ဇဝန - မေတ္တာရှင် )
..................................
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ 

ကမ္ဘာကြီးသို့အမှန်တရားသိရှိရေးနှင့်သမိုင်းလိမ်များဖော်ထုတ်ဖို့ သတင်းနှင့်ဆက်သွယ်ရေး ကွန်ယက်များထူထောင်ကြစို့။



အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့
   (သာသန၀ံသပါလအဖွဲ့)
တောင်ကုတ်မြို့။
               

သတင်းနှင့်ဆက်သွယ်ရေး



                               
              ရက်စွဲ။      ။ဧပြီလ၊  ၂၀၁၄၊ခုနှစ်

               www.pamtaungup.com


 
အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့
(သာသန၀ံသပါလအဖွဲ့)
တောင်ကုတ်မြို့။
                                                ရက်စွဲ။       ။ ဧပြီလ။ ၂၀၁၄-ခုနှစ်။

သတင်းနှင့်ဆက်သွယ်ရေး
ကမ္ဘာကြီးသို့အမှန်တရားသိရှိရေးနှင့်သမိုင်းလိမ်များဖော်ထုတ်ဖို့
ယနေ့ခေတ်သည် IT (Information Technology) age ဖြစ်သောကြောင့် အများပြည်သူများ၊ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ သတင်းအချက်အလက်မှန်များမြန်မြန်ဆန်ဆန်သိရှိစေရန်
သတင်းနှင့်ဆက်သွယ်ရေး Section သည်အထူးအရေးပါလှသည်။ ရခိုင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို
လေ့လာသုံးသပ်ကြည့်ပါက mediaနှင့် International Language  ဘက်တွင်အားနည်းသောတိုင်းရင်းသားတို့မှာ နိုင်ငံတကာ
အသိုင်းအ၀ိုင်းက အထင်အမြင် လွဲမှားမှုနှင့် မတရားစွပ်စွဲခံရမှုများ ကြုံခဲ့ရသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးလိုလားကြသောအမှန်တရားချစ်မြတ်နိုးကြသည့်
အသင်းအဖွဲ့များအနေဖြင့် သတင်းအချက်လက်မှန်များကို အချင်းချင်းဖလှယ်နိုင်ရန်၊
နိုင်ငံတကာသို့အမှန်တရားကိုအချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန် Internet Websites , Page,Blog  စသည်တို့ ထူထောင်၍သတင်းအချက်အလက်မှန်များတင်ပြရန်လိုအပ်ပေသည်။
          ဖုန်းနှင့်ဆက်သွယ်လျှင်ရသော်လည်း သတင်းဓါတ်ပုံ၊ ဗီဒီယို၊ e-book များ ဖလှယ်ရန်နှင့် ဖြန့်ချိရန်မှာ  website များသည် အဆင်ပြေဆုံးဖြစ်သည်။ website များ ထူထောင်ခြင်းဖြင့် နိုင်ငံတကာနှင့် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖြန့်ချိ၍ မီဒီယာတိုက်ပွဲ
ဆင်နွဲနေသော ၀ါဒမှိုင်းတိုက်သည့် website များ၏အန္တရာယ်မှလည်း ကာကွယ်ရာရောက်ပေသည်။
နိုင်ငံတကာနှင့် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖြန့်ချိ၍ မီဒီယာတိုက်ပွဲ
ဆင်နွဲနေသော ၀ါဒမှိုင်းတိုက်သည့် website များ

ဥပမာ။    ။ ( ၁) http://www.m-mediagroup.com/news/ (English  Version)

   (၃) ပရမတ်ဘုရားရှင် ရှိကြောင်း

ကိုယ်တော်ဂေါတမကိုယ်တိုင်က ဖန်ဆင်းရှင် ဟူ သည် လုံးဝ မရှိဟု ယတိပြတ် ငြင်းဆိုထားခြင်း မရှိပါ။ (အပတ်စဉ်ဗဟုသုတမှ ကျွန်ုပ်တို့ သိအပ်သော ဗုဒ္ဓဘာသာ ခေါင်းစီးအောက် တွင် ဖတ်ပါ)
ထေရ၀ါဒ အထင်ကရ အဌကထာ ဆရာတော် ရှင်ဗုဒ္ဓဃောသ က
`ကရုဏာဝိယ သတ္တေသု၊ ပညာရဿ မဟေ သိနော၊ ညေယဓမ္မေသု၊ ယတ္ထာယုဇိ၊ ပ၀တ္တိတ္တံ၊ မဟေသိနော´
ဘုရားသခင်သည် ဂရုဏာတော်အားဖြင့် သတ္တ၀ါ အ ပေါင်း တို့နှင့် ညေယျဓံတရား ငါးပါးတို့ကို အ လိုတော်ရှိ သည် အတိုင်း ဖြစ်တော်မူလေ ကုန် ပြီ-- လို့ ဆိုပါတယ်။ (အဌသလိနီကျမ်း၊ ၀ီသတိဝန္ဒနာ)
ဟုဖော်ပြသည့်
(၄) ဦးဝီရသူအားသံဃာမဟုတ် ဟု အင်္ဂလိပ်လို အောက်ပါ website တွင်ဤသို့
စော်ကားရေးသားထားပြီှးဓမ္မပဒကျမ်းဂန်အဆိုအရထောက်ပြပြောဆိုသကဲ့သို့ထင်ရောင်
ထင်မှားဖြစ်စေရန်ကြိုးပမ်းထားသည်ကိုတွေ့ရသည်။
Wirathu In The Balance Of Buddhism

By Qutub Shah 
RB Article
April 12, 2014

“He is not a monk just because he lives on others' alms. Not by adopting outward form does one become a true monk. Whoever here (in the Dispensation) lives a holy life, transcending both merit and demerit, and walks with understanding in this world — he is truly called a monk.” (Dhammapada: 266-267)
- See more at: http://www.rohingyablogger.com/2014/04/wirathu-in-balance-of-buddhism.html#sthash.XoKRVWGx.dpuf

(၅)့You Tube တွင်

 Evil Buddhist Terrorists continue Killing Rohingya Muslims!

“မကောင်းဆိုးဝါးဗုဒ္ဓဘာသာအကြမ်းဖက်များသည် ရိုဟင်ဂျာမူဆလင်များကိုဆက်လက်သတ်ဖြတ်နေသည်”
ဟု ကမ္ဘာကြီးကအထင်မြင်မှားစေရန်ကြိုးပမ်းထားသည်ကိုတွေ့ရသည်။
(၆)Hate Speech အမုန်းပွားစကားများဖော်ပြပြီးအကြမ်းဖက်မှုများဖြစ်စေရန်လှုံ့ ဆော်
သည့် facebook page တစ်ခု
ထိုpage တွင်ဖော်ပြချက်များမှတစ်ချို့
ရိုဟင်ဂျာလူငယ်များအစည်းအရုံး

Posted on May 31, 2012

ဘယ်တော့မှမေ့မရနိုင်တော့မည့်နာကြည်းဖွယ်မြန်မာလူမျိုးများ၏လုပ်ရပ်ဆိုးများကိုအမြဲသတိရနေစေရန်ရည်ရွယ်ပါသည်။

(၇) ကမ္ဘာ့စွယ်စုံကျမ်းတစ်စောင်ဖြစ်သည့် wikipedia တွင်လည်းဤသို့ဖော်ပြအောင်ကြိုးပမ်းထားကြသည်။

(မှတ်ချက်။ ။ Wikipedia မှာ online စွယ်စုံကျမ်းတစ်စောင်ဖြစ်ပြီး websites များကိုကိုးကားဖော်ပြ
လေ့ရှိပြီး ထိုသို့ဖော်ပြစေရန် websites များစွာနှင့်သတင်းများစွာကို ရည်ရွယ်ချက်ရှိရှိဖြင့်သမိုင်းလိမ်ရန်
ဝါဒမှိုင်းတိုက်ရန်ကြိုးပမ်းသူများကအားထုတ်လေ့ရှိသည်။)

Rohingya language

Rohingya (/ˈroʊɪnə/, /ˈroʊhɪnə/, /ˈroʊɪŋjə/, or /ˈroʊhɪŋjə/),[2] or Ruáingga, is a language spoken by the Rohingya people of Arakan (Rakhine/Rohang), Burma (Myanmar).[3][4] It is related to the Chittagonian language spoken in the neighboring southeastern Chittagong Division of Bangladesh.
ရိုဟင်ဂျာဆိုသည်မှာ ဗမာ(မြန်မာ) ရှိ အာရကန် (ရခိုင်/ရိုဟင် ) ရှိ ရိုဟင်ဂျာလူမျိုးတို့ပြောဆိုသောဘာသာစကားဖြစ်သည်။
(၈) ၀ါဒမှိုင်းတိုက်websites တစ်ခုတွင်

အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းလိုသည်ဆိုရာဝယ်…

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
မြန်မာဘုန်းတော်ကြီးတွေက ရိုးသားတဲ့ပြည်လူထု ၄ သန်းခန့်ကို သွေးဆောင်ဖြားယောင်ပြီး ယင်းတို့၏ လက်မှတ်များ ရ ယူကာ အမျိုးစောင့် ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြ လိုက်ပါတယ်။ သမ္မတက တဖန် ပါလီ မန်မှာ ဆွေးနွေးမှုများလုပ်ပြီး၊ အဆိုပါ ဥပဒေ (၄) ရပ် ကို ပြဋ္ဌာန်း ရန် လွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပို့ ပေးပါတယ်။ တကယ်ဘဲ မြန်မာနိုင်ငံသူ၊ သားတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာ ဒီလိုမျိုးလုပ်ဖို့ မျှော်လင့်ခဲ့တာလားလို့ စဉ်းစားစရာပါဘဲ။
(၉) တက္ကသိုလ်များတွင်စာတမ်းလိမ်များဖတ်၍ ကမ္ဘာသို့ လိမ်ခဲ့ကြ

The Rohingya Problem: Why and How to Move Forward


Dr. Habib Siddiqui

[Author’s Note: Keynote speech delivered at the International Conference on “Contemplating Burma’s Rohingya People’s Future in Reconciliation and (Democratic) Reform,” held on August 15, 2012 at the Thammasat University, Bangkok.]

As a conscientious global citizen of our planet, I have been writing for the past 32 years since my days as a university student on a plethora of issues, which include history, culture and civilization of the peoples of the South Asia and the Middle East. I have also studied and written on international politics, human rights and terrorism. In my decades of studies I have not found a people that are more persecuted than the Rohingyas of Myanmar, or what used to be called Burma.
ဗမာပြည်ဟုခေါ်လေ့ရှိသည့်မြန်မာပြည်ရှိရိုဟင်ဂျာများလောက်သတ်ဖြတ်ခံရသည့်လူမျိုးစုကို ဆယ်စုနှစ်များတော်တော်ကြာလေ့လာသော်လည်း မတွေ့ရ
ဟုသွေးထိုးလှုံ့ဆော်သော စာတမ်းများကိုဖြန့်ချီခဲ့ကြသည်။
(၁၀) English –Myanmar နှစ်ဘာသာဖြင့် သတင်းလိမ်များဖြန့်ချိရန်ဤသို့တစ်ဖက်သတ်သတင်းမှားများကိုရေးသားခဲ့ကြသည်။

မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားထုတ်ပြန်ချက်


ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်း ၉၆၉ ဘာသာရေးအစွန်းရောက် ဘုန်းကြီးများ၏ သွေးထိုးလှုပ်ဆော်မှု လုပ်ငန်းစဉ်အား အစိုးရအာဏာပိုင်များမှ တရားဝင်ခွင့်ပြုခဲ့ပါသည်။ လူမျိုးရေး-ဘာသာရေး တင်းမာနေသည့် နေရာဒေသအတွင်း ယင်းကဲ့သို့သော လူမျိုးရေးအစွန်းရောက်သည့် သွေးထိုးလှုပ်ဆော်မှုများ ပြုလုပ်ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ကြည့်လျင် အစိုးရအာဏာပိုင်များ၏ လုပ်ရပ်မှာ သံသယရှိဖွယ်ရာဖြစ်ပါသည်။
Media Contact; -
ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org; ကိုမျိုးဝင်း 0950 70304 (မြန်မာ) starmywin@gmail.com; ကိုကျော်ဝင်း +44-740-345-2378(UK) kyawwin78@gmail.com; ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;
(၁၁)အခြားဆိုဒ်များ

အခြားဝါဒဖြန့်ဆိုက်များစွာရှိသော်လည်း မဖော်ပြတော့ပါ။

အထက်ဖော်ပြပါ နိုင်ငံတကာနှင့် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖြန့်ချိ၍ မီဒီယာတိုက်ပွဲဆင်နွဲနေသော ၀ါဒမှိုင်းတိုက်သည့် website များ
၏ဖော်ပြချက်များကို ဖတ်ရှုပြီးဖြစ်၍ တိုင်းပြည်၏အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေကြသော အသင်းအဖွဲ့တိုင်းတွင် website တစ်ခု ရှိသင့်ကြောင်း နားလည်နိုင်ပါပြီ။