မေတ္တာပို့

  • www.pamtaungup.com

    အမျိုး ဘာသာ၊ သာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (တောင်ကုတ်မြို့)

Showing posts with label လောကနီတိ. Show all posts
Showing posts with label လောကနီတိ. Show all posts

English-Myanmar Lokaniti Note 7


  လောက၌ နည်းသောသုတရှိသူသည် နည်းသောသုတကိုအများအောက်မေ့တတ်၏။
မာန်မာနရှိတတ်၏။ အဘယ်သို့ နည်းဟူမူကား
သမုဒ္ဒရာ ရေပြင်ကိုမမြင်ဖူးသော
ဖားသူငယ်သည် တွင်းဝ ရေကိုအများထင်သကဲ့သို့ တည်း။

 In this world, the person who has little knowledge thinks much of it
and has pride for it.   
How is it so?   It is like the frog who has never seen the ocean thinks 
much of the water in the hole it lives in.

( ရှင်းချက်။ ။ )  သုတနည်းသဖြင့်အမြင်ကျဉ်းသူသည်
သမုဒ္ဒရာကို မမြင်ဖူးသည့်ဖားသူငယ်ကသူ့ တွင်းထဲမှာ ရှိသည့်ရေကို 
များလှပြီထင်သကဲ့သို့  သူ့ အတတ်ပညာကလေးကို ကြီးလှပေပြီထင်သည်။

 Explanation:  The person with little knowledge is narrow-minded 
and thinks much of his knowledge,
just as the little frog which has never seen ocean thinks that 
the water in his hole is very much.


*~~~~~~~~~~~~~~~~~~*

English-Myanmar Lokaniti Note 6


 လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒြာကြာကိုမြင်သဖြင့်သိအပ်၏...။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့်သိအပ်၏။
ပညာရှိမရှိကိုကား ဆိုသောစကားဖြင့်သိအပ်၏။
 မြေကောင်းမကောင်းကိုကားမြက်ညှိုးမညှိုးကိုမြင်သဖြင့်သိအပ်၏။

 In this world, one can know the shallowness or
 the depth of the water by looking at kumuddra lotus. 
Noble-birth or Low-birth can be discerned by that person's mode of conduct. 
 A person's wisdom or ignorance can be inferred from his words. 
The quality of soil can be gauged from the weak
or strong growth of grass.

( ရှင်းချက်။ ။ )  ကုမုဒြာကြာရိုးရှည်မရှည်ကိုကြည့်ခြင်းအားဖြင့်
 ရေတိမ်ရေနက်ကိုသိနိုင်၏။
ရေမြင့်မှကြာတင့်သည်ဆိုသကဲ့သို့ ပင်...။
အမျိုးမြတ်၊ အမျိုးယုတ်ခွဲခြားသိဖို့ မှာ
ထိုသူ၏အမူအရာ ရည်မွန်ရိုင်းစိုင်းခြင်းဖြင့်သိနိုင်သည်။
ပညာရှိမရှိကို ထိုသူ၏စကားကို ထောက်ခြင့်ခြင်းအားဖြင့်သိနိုင်သည်။ 
မြေတကွက်၏ မြေသြဇာကောင်းမကောင်းကို
 မြက်သန်မသန်ကိုကြည့်ခြင်းအားဖြင့်သိနိုင်သည်။

 Explanation: The water lily's stem is long if the water is deep,
short if it is shallow.
A saying goes that high water makes the lotus beautiful ( with long steam ).
whether a man's birth is noble or mean can be determined by his behavior.
A man's knowledge and ignorance can be judged by the words he utters.
The quality of soil of a plot of land can be assessed by looking at the strength
or weakness of the growth of grass.


*~~~~~~~~~~~~~~~~~~*

English-Myanmar Lokaniti Note 5


  လောက၌ ပညာရှိသည် သူမမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။
သူတည်းမေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း၊
အခါခပ်သိမ်း များစွာလည်း ပြောတတ်ဟောတတ်သည်သာလျှင်တည်း။

 The sage remains silent  like a drum if no one puts questions.
 If someone asks,he acts like the thunder. 
The foolish person always talk whether he is asked or not.

( ရှင်းချက်။  ။ ) ပညာရှိသည်လိုအပ်သည့်အခါမှသာစကားဆို၏...။
စည်ကဲ့သို့ မတီးမမြည်ပေ။ လူမိုက်ကား စကားများစွာပြောသည်...။

Explanation: The sage speaks out only when required;
 like the drum which gives off sound when it is beaten. 
The fool is talkative.

English-Myanmar Lokniti Note 4


သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

The ocean is not contented in receiving water.
The eye is not contented in seeing the beloved.
The wise is not contented in good speech.

English-Myanmar Lokniti Note 3


ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။

A half-empty vessel makes more sound.
A person not fully educated tends to show off.